rss
twitter
    Find out what I'm doing, Follow Me :)

Myanmar Internet

We can use Internet in Myanmar by using Sky net, McWill, WiMax and FTTX.


Sky NetMcWillWiMaxFTTX
Setup Fee1,109,000 kyats560,000 kyats1,500 FEC750,000 kyats
Annual Fee-6,000 kyats60 FEC60,000 kyats
128k40,000 kyats2 kyats/minute45 FEC-
256k50,000 kyats3 kyats/minute75 FEC-
512k60,000 kyats6 kyats/minute130 FEC45,000 kyats
1M100,000 kyats8 kyats/minute-75,000 kyats
2M150,000 kyats--125,000 kyats


Price maybe change due to the time. Hope you can choose the best Internet and save the budget for you...

Via : http://goo.gl/M7jvC

Language Poetry & Performance Poetry

LanguagePoetry&SpokenWord
လတ်တလော မြန်မာ့ကဗျာလောကကို နောက်ဆုံးရိုက်ခတ်နေတဲ့ လှိုင်းကတော့ LP(Language Poetry) ဖြစ်လိမ့်မည်ဟု ကျွန်တော်ထင်ပါတယ်။ LP လှိုင်းဟာ ခုမှ ရိုက်ခတ်တာလား ဆိုရင်တော့ မဟုတ်ပါဘူး၊ ဇေယျာလင်းဟာ စကားပြေကဗျာ တွေ အကြောင်းကို အချိန်အတော်ကြာကတည်းက ပြောနေခဲ့ပါပြီ။ ၂၀၀၅ မှာ ‘L=A=N=G=U=A=G=E Poetry နှင့် အခြား ကဗျာဗေဒများ’၊ ၂၀၀၆မှာ ‘ထင်ရှားသည့် အမှတ်အသား’ ၊ ၂၀၀၇ မှာ ‘ကဗျာရေးသူကို ထုတ်လုပ်ခြင်း’ နဲ့ ‘အက်ရှဘရီ နိဒါန်း’ ၊ ၂၀၀၈ မှ ၂၀၀၉ အတွင်းမှာ ‘ကဗျာဘဝရှာတော်ပုံ’ နဲ့ ‘ချားလ်စ်ဘန်းစတိုင်းန် အင်တာဗျူး / အရေးအသားများ’ စာအုပ်တွေ ထွက်ရှိခဲ့ပါတယ်။ ကျွန်တော်တို့ မဖတ်ဖြစ်ဘူးလားလို့ မေးရင် ဖတ်ဖြစ်ပါတယ်၊ ‘ကဗျာရေးသူကို ထုတ်လုပ်ခြင်း’စာအုပ်နဲ့ ပတ်သက်ရင်တော့ ကျွန်တော့်အတွက် မှတ်မှတ်ရရပါပဲ... အဲဒီစာအုပ်လေးကို မျိုးသက်နှစ် ဆီကနေ ရလာခဲ့ခြင်း ဖြစ်သည်၊ ပြီးတော့ စာအုပ်ကြားထဲမှာ စတစ်ကာလေးလည်း ပါလာပါတယ်။ ဒါနဲ့ ဆိုင်ကယ်မှာ ကပ်ထားလိုက်ပါတယ်၊ ဒီတော့ အိမ်က မေးပါတယ်၊ အဆိုတော် အသစ်လားတဲ့... ဇေယျာလင်း ဆိုတာ။ ကဗျာရေးသူကို ထုတ်လုပ်ခြင်းပါဆိုမှ အဆိုတော် ဖြစ်မလားဆိုတော့မှ မဟုတ်ပါဘူးဟယ်၊ အဲလို စတစ်ကာတွေက အဆိုတော်တွေပဲ လုပ်တာကိုးဟဲ့... တဲ့။

ထားပါ... ကျွန်တော်ပြောချင်တာက LP ကဗျာတွေ အကြောင်းကို ဖတ်ဖြစ်ပေမယ့် စိတ်မဝင်စားမိတဲ့ အဖြစ်ကို ပြောချင်တာပါ။ အဲဒီအချိန်မှာ LP ကဗျာကို ရေးသူဆိုလို့ (မှတ်မိသလောက်)ဇေယျာလင်းတစ်ယောက်ပဲ ရှိမယ် ထင်ပါတယ်။ ပြီးတော့ အဲဒီအချိန်တုန်းက သူရေးတဲ့ ကဗျာတွေကိုလည်း သိပ်မကြိုက်မိတာလည်း ပါမယ်၊ LP ကဗျာတွေ အကြောင်းကို ဖတ်ဖြစ်ပေမယ့် လိုက်ပြီး ရေးကြည့်ဖို့တော့ တစ်ခါမှကို မကြိုးစားမိပါဘူး။ ဒါပေမယ့် အဲဒါဟာ တစ်ချိန်ကပါ၊ ကဲ... အခု ၂၀၁၁ ကိုရောက်နေသလို LP ကဗျာတွေကို ရေးသားသူတွေလည်း များလာပါတယ်၊ အထူးသဖြင့် မဂ္ဂဇင်းတွေမှာထက် အွန်လိုင်းပေါ်မှာ ပိုပြီး ရေးသားလာကြတယ်လို့လည်း ယူဆမိပါတယ်။ အခုချိန်မှာ LP ကဗျာတွေကို ဖတ်ရတဲ့အခါ အရင်တစ်ချိန်ကနဲ့တော့ မတူတော့ပါဘူး၊ PEM SkoolK0NT3MP03TRY (ဇေယျာလင်း)F.E.P.B က ကဗျာအချို့ကို တော်တော်လေး ကြိုက်မိပါတယ်၊ ဒါပေမယ့် အကုန်တော့ မကြိုက်မိသေးပါဘူး။ တစ်ချို့ဆိုရင် လုံးဝကို မရတာပါ... အခြားကဗျာဖတ်သူတွေတော့ မသိပါဘူး။ တောကျောင်းဆရာ ရဲ့ Movable ကိုလည်း အမြဲသွားဖတ်မိပါတယ်။ လွန်းဆက်နိုးမြတ် ရဲ့ `မထင်ရှော့(ခ်)´ စာအုပ်ကိုတော့ ဝယ်ဖို့ ရည်ရွယ်ထားပေမယ့် ခုထိတော့ မဝယ်ဖြစ်သေးပါဘူး။ ဒါပေမယ့် ကျွန်တော် စကားပြေကဗျာတွေ နောင်မှာ ပိုများလာမယ်လို့ ယူဆမိနေပါပြီ....

LP ကဗျာတွေရဲ့လွှမ်းမိုးမှု့ကို စခံနေရပြီလို့ ကိုယ့်ကိုကိုယ် ထင်နေတုန်းမှာပဲ အွန်လိုင်းမှာ လျှောက်သွားရင်း Performance Poetry တွေကို You Tube မှာ သွားကြည့်မိပါတယ်။ အဲဒီမှာ Serah Kay ရဲ့ "B" ကို သွားတွေ့ပါတယ်၊ တော်တော်လေး စိတ်ဝင်စားသွားပါတယ်။ ပထမဆုံး စိတ်ဝင်စားမိတာက အာရှရုပ်ကလေးနဲ့ ကဗျာရွတ်နေတဲ့ ကဗျာဆရာမ အကြောင်းပါ။ အဲဒီကနေ ဆက်ကြည့်ဖြစ်ရင်း သူ့ကဗျာတွေကို ဆက်ရှာမိပါတယ်။ နောက်... သူရေးတဲ့ ကဗျာအမျိုးအစားတွေကိုလည်း စိတ်ဝင်စားမိသွားပါတယ်။ YouTube ကို ဖွင့်ပေးလိုက်တာရဲ့ အကျိုးကျေးဇူးလို့ ပြောရမှာပါပဲ။ Performance Poetry တွေအကြောင်းကို မဟေသီမှာ ငြိဏ်းဝေ က Artists Communities ဆိုပြီး ရေးထားတာကို ဖတ်ဖူးပေမယ့် သူတို့ကဗျာရွတ်တာကို မမြင်ရတော့ သိပ်စိတ်မဝင်စားခဲ့ပါဘူး။ အခု ကြည့်လိုက်ရတော့ အရမ်းမိုက်တယ်ဗျာ... ကဗျာရွတ်တာပဲ ဘာထူးဆန်းလို့လဲ၊ အရင်ကရော ခုရော ဒီလိုပဲ ရွတ်နေကြတာပဲလေ... လို့ ပြောစရာရှိတယ်။ ဒါပေမယ့် သူတို့က Physical Movement တွေပါထည့်ထားတာကိုး...၊ Slam Poetry တွေမှာဆို ဟစ်ဟော့ဘက်တောင် ယိမ်းနေတယ်၊ ဒါပေမယ့် အများကြီးကွဲပြားပါတယ်။ ကျွန်တော်တို့ဆီမှာ ကဗျာရွတ်တယ်ဆိုရင် ပရိတ်သတ်က နားထောင်ရုံသက်သက်ပဲ၊ Performance Poetry တွေမှာ ပရိတ်သတ်အတွက် မိုက်တစ်လုံး ပေးထားတယ်။ ကဗျာရွတ်သူ လက်ထဲမှာပဲ မိုက်ကရှိနေတာ မဟုတ်ဘူး။ တစ်ခါတစ်လေမှာ ကဗျာဆရာနဲ့ ပရိတ်သတ် အပြန်အလှန် အော်ဟစ်တာတွေလည်း ရှိတယ်။

Performance Poetry တွေ ကဗျာရွတ်ဆိုခြင်းနဲ့ ပတ်သက်ပြီး ဒီလို သတ်မှတ်ကြပါတယ်၊ ပါဖောင်းမင့် ကဗျာဆရာ တွေဟာ သရုပ်ဆောင် (acting) နေတာမဟုတ်ဘူး။ ကဗျာကို ပြော၊ ရွတ်၊ ဖတ် နေချိန်မှာ ဖြစ်ပေါ်နေတဲ့ စိတ်အခြေအနေရဲ့ အလိုအရ ကာယလှုပ်ရှားမှု (Body Movement/ Physical Movement) ကို လှုပ်ရှားဆောင်ရွက် ပြသခြင်းသာ ဖြစ်တယ်။

Performance Poetry ဆိုပြီး ကျွန်တောက လုံးထွေးရေးလိုက်ပေမယ့် တကယ်တမ်းက ဒီခေါင်းစဉ်အောက်မှာပဲ အမျိုးအစားတွေ ထပ်ကွဲနေပါသေးတယ်။ အသေးစိတ် သိချင်တဲ့သူတွေအတွက် Wikipedai မှာ ရှာကြည့်ဖို့ ဖော်ပြပေးလိုက်ပါတယ် -
၁။ Poetry Slam (စလမ်းကဗျာ)
၂။ Sound Poem (အသံကဗျာ)
၃။ Spoken Word (စကားပြောကဗျာ)
၄။ Improvisational Poetry (ပြင်ဆင်မှုမရှိဘဲ ဖြစ်ပေါ်လာသော အခြေအနေပေါ်တွင် မူတည်၍ လက်တန်းဖန်တီးသောကဗျာ)
၅။ Performance Poetry
၆။ Def Poetry
Performance Poetry တွေဟာ Language Poetry တွေ ပေါ်လာပြီး နောက်ပိုင်းမှာ ဟောင်းသွားပြီလို့ ပြောချင်ရင် သက်တမ်းအရသာ ပြောနိုင်ပေမယ့် ဆန်းသစ်တဲ့ ပါဖောင်းမင့် ကဗျာဆရာတွေ ပေါ်ထွက်နေဆဲမို့ မဟောင်းသေးတာ သေချာပါတယ်။ ဘာပဲပြောပြော ကျွန်တော်ကတော့ Performance Poetry တွေကို Language Poetry တွေထက် အခုလောလောဆယ်မှာ ပိုစိတ်ဝင်စားနေမိတယ်။

ကျွန်တော့်အတွက် ပထမဆုံးမြင်တွေ့ဖူးတဲ့ Performance Poet Serah Kay ရဲ့ ကဗျာလေးကို ပြချင်ပါတယ် (ကဗျာစာသားလေးကိုလည်း ရထားလို့ပါ)၊ Performance Poet တွေ အထူးသဖြင့် Spoken Word Poet တွေရဲ့ ကဗျာစာသားကို ရှာရတာ တော်တော်ခက်ပါတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့က ကဗျာစာအုပ် ထုတ်လေ့မရှိလို့ပါ။ Serah ကိုယ်တိုင်က သူ့ရဲ့ Project V.O.I.C.E မှာ ကဗျာစာသား လာမေးသူ တစ်ဦးကို ဒီလိုပြန်ပြောထားပါတယ်။ * "A lot of our work is written specifically to be performed, and often never even gets written down!"
"B" by Sarah Kay
If I should have a daughter,
instead of "mom," she's gonna call me "Point B."
Because that way she knows no matter what happens
at least she can always find her way to me.
And I'm going to paint the solar systems on the backs of her hands.
So that she has to learn the entire universe before she can say
"Oh, I know that like the back of my hand."
And she's gonna learn that this life
will hit you.
Hard.
In the face.
Wait for you to get back up just so it can kick you in the stomach.
But getting the wind knocked out of you is the only way to remind your lungs
how much they like the taste of air.
There is hurt here
that cannot be fixed
by band-aids or poetry.
So the first time she realizes that Wonder Woman isn't coming,
I'll make sure she knows she doesn't have to wear the cape
all by herself.
Cause no matter how wide you stretch your fingers,
your hands will always be too small to catch
all the pain you want to heal.
Believe me.
I've tried.
"And, baby," I'll tell her,
"Don't keep your nose up in the air like that.
I know that trick;
I've done it a million times.
You're just smelling for smoke,
so you can follow the trail back to a burning house,
so you can find the boy who lost everything in the fire,
to see if you can save him.
Or else,
find the boy who lit the fire in the first place
to see if you can change him."
But I know she will anyway,
so, instead, I'll always keep an extra supply of chocolate and rain boots nearby.
Because there is no heartbreak that chocolate can't fix.
Okay...there's a few heartbreaks that chocolate can't fix,
but that's what the rain boots are for.
Because rain will wash away everything,
if you let it.
I want her
to look at the world
through the underside of a glass bottom boat.
To look with a microscope at the galaxies that exist
on the pinpoint of a human mind.
Because...
that's the way my mom taught me.
That there'll be days like this.
There'll be days like this my mama said.
When you open your hands to catch
and wind up with only blisters and bruises.
When you step out of the phone booth and try to fly
and the very people you want to save
are the ones standing on your cape.
When your boots will fill with rain,
and you'll be up to your knees in disappointment,
and those are the very days you have all the more reason to say "Thank You."
Cause there's nothing more beautiful
than the way the ocean refuses to stop kissing the shoreline
no matter how many times it's sent away.
You will put the wind in winsome...lose some.
You will put the star in starting over. And over.
And no matter how many land mines erupt in a minute
make sure your mind lands on the beauty of this funny place called life.
And, yes, on a scale from one to over-trusting, I am
pretty damn naive.
But I want her to know that this world is made out of sugar.
It can crumble so easily but don't be afraid to stick your tongue out
and taste it.
"Baby," I'll tell her,
"Remember your mama is a worrier
and your papa is a warrior.
And you are the girl with small hands and big eyes
who never stops asking for more."
"Remember that good things come in threes
and...so do bad things."
And, "Always apologize when you've done something wrong.
But don't you ever apologize for the way your eyes
refuse to stop shining.
Your voice is small
but don't ever stop singing."
And when they finally hand you heartache,
when they slip war and hatred under your door,
and offer you hand outs on street corners
of cynicism and defeat,
you tell them that they
really oughtta meet
your mother.
Sarah Kay ဟာ ဂျပန်လူမျိုး အမေရိကန်နိုင်ငံသူ မိခင်နဲ့ ဂျူးလူမျိုး အမေရိကန်နိုင်ငံသား ဖခင်တို့ကနေ မွေးဖွား လာခဲ့သူပါ။ ဒါကြောင့် သူမဟာ ဂျပန်သွေးတစ်ဝက် ဂျူးသွေးတစ်ဝက်ပါသူ စကားပြောကဗျာ ဆရာမလို့ ပြောရင်လည်း ရနိုင်ပါတယ်။ နယူးရော့ခ်မြို့မှာ နေထိုင်ကြီးပြင်းလာသူပါ၊ သူမရဲ့ ကဗျာကို ပထမဆုံးတင်ဆက်ဟောပြော ချိန်ကို သူမရဲ့ အသက်ဟာ (၁၄) နှစ်ပဲ ရှိပါသေးတယ်။ အဲဒီဆယ်စုနှစ်ကာလအတွက် သူမဟာ အငယ်ဆုံး ကဗျာဆရာမ ဆိုပေမယ့် သူမဟာ နယူးရော့ခ်မြို့ရဲ့ စကားပြောကဗျာ ဟောပြောပွဲတွေ ကျင်းပရာမှာ နာမည်ကြီးလှတဲ့ Browser Poetry Club ကို အိမ်လိုသဘောထားပြီး နေခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာ Serah ဟာ Browser Poetry Club ရဲ့ Poetry Slam Team မှာ ပါဝင်ခဲ့ပြီး Texas ပြည်နယ်၊ Austin မြို့မှာ ကျင်းပတဲ့ 2006 National Poetry Slam မှာ ဝင်ပြိုင်ခဲ့ပါတယ်၊ အဲဒီနှစ်က ပါဝင်ယှဉ်ပြိုင်သူတွေထဲမှာ သူမဟာ အငယ်ဆုံးကဗျာဆရာမ ပါပဲ.....။ အဲဒီနောက် ၂၀၀၇ ခုနှစ်မှာ သူမဟာ HBO Def Poetry Jam မှာ သူမရဲ့ ကဗျာ "Hands" ကို ပွဲဦးထွက်အဖြစ် ရုပ်မြင်သံကြားကနေ ဟောပြောတင်ဆက်ခဲ့ပါတယ်။ Sarah Kay ဟာ စကားပြောကဗျာဆရာမ တစ်ယောက် ဖြစ်ပေမယ့် သူ့စာတွေကို Foundling ReviewDamselFly PressdecomPThe Brown Literary Review စတဲ့ စာပေမဂ္ဂဇင်းအချို့မှာလည်း ရေးသားခဲ့ပါတယ်။ သူမဟာ Project V.O.I.C.E. (Vocal Outreach Into Creative Expression) ကို စတင်တည်ထောင်သူ ဖြစ်သလို Project V.O.I.C.E. ရဲ့ တွဲဖက်ဒါရိုက်တာ တစ်ဦးလည်း ဖြစ်ပါတယ်။
http://www.youtube.com/user/speakeasynyc
http://www.project-voice.net
http://kaysarahsera.com
http://www.facebook.com/projectvoice
အဲ... ပထမတော့ Serah Kay ရဲ့ Biography တစ်ခုလုံးကို ဘာသာပြန်မလို့ပဲ၊ စာရေးနေရင်း ပျင်းလာလို့ လင့်တွေပဲ ထည့်လိုက်တော့တယ်။ ဒါပေမယ့် ကျွန်တော့် စိတ်ထဲမှာ တစ်ခု ဆက်တွေးနေမိတယ်... ကျွန်တော်တို့ နိုင်ငံမှာ ကဗျာရွတ်ပွဲတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ကြတာပဲ ရှိတယ်၊ Poetry Club ရှိတယ်လို့ တစ်ခါမှ မကြားဘူးဖူး။ Poetry Club ရှိမယ်ဆိုရင် အရမ်းကောင်းမှာပဲ၊ Serah လို ငယ်ရွယ်တဲ့ ကဗျာဆရာ မျိုးဆက်သစ်လေးတွေ အများကြီး ပေါ်ထွန်းလာမှာ အသေအချာပဲ...

Post Title ကိုကြည့်ပြီး ဒီကဗျာတွေအကြောင်းကို ပြောတော့မယ်လို့ ထင်ရင်တော့ လွဲသွားပြီဗျ၊ လတ်တလော ကျွန်တော် စိတ်ဝင်စား နှစ်ခြိုက်မိတဲ့ ကဗျာတွေကို ပြောပြရုံသက်သက်ပါပဲ...

ပြည်တော်ပြန် (၁)

To Yinmarbin
ငယ်မူပြန်ချင်တာလေး တစ်ခုနဲ့ပဲ
ဘုရားသခင်ဆီသွားတဲ့ ခရီးစဉ်ပေါ့
‌မျှော်လင့်ချက်ကို လက်ခံဖို့
တမာနံ့ကလေးကို ပြန်စို့ဖို့
တစ်‌ကျော့နှစ်‌ကျော့ ‌တေးကိုသီရင်း
ဓားကိုသွေးရင်း
ကျားကိုကျွေးရင်း
အမေကြီးရဲ့ မြေးတွေ လူလားမြောက်ခဲ့ပြီ။
ဒီတစ်ခါ ယင်းမာပင်ကို ပြန်ရတာ ‌တော်‌တော်‌လေး စိတ်ထဲမှာ ‌လေးလံ‌နေမိတယ်၊ ဘာဖြစ်လို့လဲဆို‌တော့ (၃)ရက်‌လောက်ပဲ ‌နေခွင့်ရတဲ့ အတွက်ရယ်၊ လုပ်ချင်တာ‌တွေ များ‌နေတာရယ်‌တွေ ‌ကြောင့်ပါပဲ။ အွန်လိုင်း‌ပေါ် ပြန်တက်ပြီး လုပ်ချင်တဲ့ ဟာ‌လေး‌တွေလည်း ရှိ‌တော့ ‌တော်‌တော်‌လေး အချိန်ကသီလွန်း‌ နေတယ်။ ‌နောက်ဆုံး တစ်ချက်က‌တော့ အချစ်ဆုံးသူငယ်ချင်း ‌နောက်တစ်‌ယောက်ပါ စွံသွားခြင်းပါပဲ။ ကျွန်‌တော် ‌မျှော်လင့်ထားသလိုပါပဲ... ဒီနှစ်ထဲမှာပဲ တစ်‌ယောက်ပြီး တစ်‌ယောက် အစွံထုတ်ကုန် ကြပါ‌တော့တယ်။ ‌နောက်ဆုံးမှာ‌တော့ ကျွန်‌တော်နဲ့ ‌ကျော်ခိုင် နှစ်‌ယောက်သာ ကျန်ခဲ့ပါ‌တော့တယ်။ ကျွန်‌တော်ပြန်လာမယ် ဆို‌တော့ ‌ကျော်ခိုင်ကလည်း ပြန်လာမယ်လို့ ‌ပြောပါတယ်။ အစွံထုတ်သွားတဲ့ သူငယ်ချင်းကလည်း ကျွန်‌တော်တို့ နှစ်‌ယောက်ကို လာ‌စေချင်ပါတယ်၊ ‌ကျော်ခိုင် မလာနိုင်ရင်‌တောင် ကျွန်‌တော်က‌တော့ သွားရမှာပါပဲ၊ ဘာဖြစ်လို့လဲ ဆို‌တော့ သူ့အစွံထုတ်ပွဲကို ကျွန်‌တော့်‌မွေး‌နေ့မှာ မှတ်မှတ်ရရ လုပ်ထားတာကိုး။ ကျွန်‌တော်ကလည်း ‌မြှောက်‌ပေးလိုက်ပါတယ်၊ ‌ကောင်းတယ်... ငါ့‌မွေး‌နေ့ လုပ်‌တော့ နင်တို့ မင်္ဂလာနှစ်ပတ်လည်‌တွေကို အလွယ်တကူ မှတ်မိတာ‌ပေါ့ဟာလို့။

‌နောက်... ယင်းမာပင်မြို့ အ‌နောက်ဘက် လယ်‌ငေါက်ရွာနားမှာ အိန္ဒိယ ကုလားကြီး‌တွေ လာလုပ်‌နေတယ် ဆိုတဲ့ အာဆီယံလမ်းမဆိုတာကိုလည်း စိတ်ဝင်စား‌နေပါတယ်။ ဂီရိအဖျားခတ်ခံရပြီး ‌ရေ‌တွေကြီးလာလို့ ‌ရေတိုက်စားခံလိုက်ရတဲ့ မြို့လယ်က သံတံတားကြီး အ‌ခြေအ‌နေကိုလည်း သိချင်‌နေပါတယ်၊ ပြန်ပြင်‌နေပြီလို့ ကြား‌နေရလို့ပါ။ ဒီဇင်ဘာလမှာ လုပ်မယ်ဆိုတဲ့ ယင်းမာပင်မြို့ရဲ့ ပထမမျိုးဆက်လို့ ‌ခေါ်ရမယ့် ‌ကျောင်းသား/သူ‌ဟောင်းများရဲ့ အ.ထ.က မှာ ကျင်းပမယ့် ဆရာကန်‌တော့ပွဲသတင်းကိုလည်း ‌သေချာသိချင်‌နေပါတယ်။

အိမ်ပြန်ကာနီးမှ အလုပ်က ပိုရှုပ်လာပြန်ပါတယ်၊ အမှန်က တစ်ပါတ်နဲ့ ‌လေးရက်‌လောက် ပြန်ဖို့ ပြင်ထားတာပါ။ အလုပ်မှာ တာဝန်ကျတဲ့သူက အချိန်မီ မ‌ရောက်လာတာနဲ့ သူအလုပ်‌တွေကို ဆက်လုပ်‌ပေး‌နေရင်း ကိုယ့်အချိန် တစ်ပါတ်ကို စ‌တေးလိုက်ရ ပါ‌တော့တယ်။ ‌ကျော်ခိုင်ဆီကို အရင်ဝင်ပြီး အတူတူ အိမ်ပြန်ကြမယ်ဆိုတဲ့ အစီအစဉ်လည်း ပျက်သွား ပါ‌တော့တယ်။ မင်းဘာသာ ပြန်နှင့်ကွာ... ငါ ‌နောက်က‌နေ အမီလိုက်လာခဲ့‌တော့မယ်လို့သာ ‌ပြောရ‌တော့တယ်။ (ဒါပေမယ့် သူက ကိုယ့်ထက်တောင် အလုပ်ပိုရှုပ်ပြီး နောက်ကျကာ ရောက်လာပါတယ်။)

‌တောင်ကြီးမြို့က‌နေ ထွက်ကတည်းက ရွာလိုက်တဲ့မိုးဟာ တစ်ညလုံးကို မရပ်‌တော့ပါဘူး။ ‌တောင်ကြီး - မန္တ‌လေး ကားလမ်းကလည်း စိတ်ရှည်သည်းခံမှုနဲ့ အ‌ပေးအယူ မျှတမှု အ‌ပေါ်မှာ တည်‌ဆောက်ထားတဲ့ ပုံစံမျိုးပါပဲ။ လမ်းက တစ်လမ်းလုံး ‌တော်‌တော်‌လေး ဆိုးပါတယ်၊ တစ်လမ်း‌မောင်းကိုမှ မျက်နှာချင်းဆိုင် ကားချင် ဆုံတဲ့အခါ သူက ‌စောင့်‌ပေးလိုက်၊ ကိုယ်က ‌စောင့်‌ပေးလိုက်နဲ့ တစ်လမ်းလုံး အိပဲ့ အိပဲ့ နဲ့ ခရီးနှင်‌နေပုံက တကယ့်ကို လွမ်းစရာ‌ကောင်းလွန်း‌နေပါတယ်။ ခရီးကို အလျင်လို‌နေတဲ့ စိုးလှိုက်ဦး အတွက်‌တော့ စိတ်ရှည် သည်းခံမှုကို ‌လေ့ကျင်ခန်းတစ်ခုလို ကျင်သုံး‌နေရ ပါ‌တော့တယ်။ မိုးတစ်စိမ့်စိမ့်နဲ့ ချမ်းလှပါတယ် ဆို‌နေမှ ကား အဲကွန်းက ပိတ်မရလို့ ပိုဆိုး‌နေပြန်သည်။ လူအရှင်လတ်လတ်‌တွေကို ‌ရေခဲတိုက်ထဲ အထည့်ခံထားရသလို ဖြစ်‌နေသည်။ ‌အောင်ပန်းမြို့မှာ ရပ်‌တော့ ကားအပြင်ထွက်လိုက်မှ ‌နွေးသလို ခံစားရ‌တော့သည်။ အမှန်က အပြင်မှာ‌ အေး‌နေပါသည်၊ အထဲက ပို‌အေး၍သာ ‌နွေးသည်ဟု ခံစားရခြင်း ဖြစ်သည်။ ဒါ‌ပေမယ့် အဲဒီ‌နွေး‌ထွေးမှုက ခဏသာ ခံသည်၊ ကားပြန်ထွက်သည်နှင့် ‌ရေခဲတိုက်ထဲသို့ ပြန်‌ရောက်သွား‌တော့သည်။ ‌ခေါင်း‌ပေါ်က‌နေ လာ‌နေတဲ့ အဲကွန်း‌လေ‌အောက်မှာ ကြာ‌တော့ လူက ဖျားချင်သလိုလို ဖြစ်လာသည်။ မတတ်နိုင်တဲ့ အဆုံး တစ်ဘက် တစ်ထည်ကို ထုတ်၍ ‌ခေါင်းမြီးခြုံကုလားမ လုပ်လိုက်မှ သက်သာရာ ရသွား‌တော့သည်။

‌ကျောက်ဆည်မြို့ဝင်‌တော့ ကားလမ်း‌တွေကို ‌ရေ‌ကျော်‌နေတာ ‌တွေ့ရတယ်။ ‌နောက် လမ်း‌ဘေးဘယ်ညာမှာလည်း တဲ‌လေး‌တွေကို ‌တွေ့ရ‌တော့ ‌ရေ‌ဘေးဒုက္ခသည်‌တွေပဲလားလို့ ‌သေချာလိုက်ကြည့်မိတယ်။ ကားမီး‌ရောင်‌အောက်မှာပဲ လှမ်းကြည့်ရတာမို့ ‌သေချာ‌တော့ မကွဲလိုက်ပါဘူး။ ‌ဈေးဆိုင်‌လေး‌တွေလည်း ဖြစ်နိုင်ပါတယ်။ ‌ကျောက်ဆည်မြို့ထဲမှာ‌တော့ ကားလမ်းကို ‌ရေမ‌ကျော်‌တော့ပါဘူး။ ဒီလိုနဲ့ ပြန်အိပ်‌ပျော်သွားပြန်ပါတယ်၊ ကျွဲဆည်ကန် ကားကွင်းကို‌ရောက်ကာမှ နိုးလာပါ‌တော့တယ်။ ဒါ‌ပေမယ့် မိုးက‌တော့ မရပ်‌သေးပါဘူး၊ တစ်ဖွဲဖွဲနဲ့ ရွာလို့‌ကောင်း‌နေဆဲပါပဲ။ ‌နောက်... ကျွဲတည်ကန် ကားကွင်းကလည်း ‌ရေ‌တွေအိုင်ပြီး တင်ကျန်‌နေတဲ့ ဗွက်‌တွေနဲ့ အပြည့်မို့ ကား‌ပေါ်ကဆင်းဖို့ ‌တော်‌တော်လည်း စိတ်ညစ်သွားမိပါတယ်။ ပြီး‌တော့ ကား‌ပေါ်က ခရီးသည်‌တွေ ဆင်းလာတာနဲ့ သိတဲ့အတိုင်းပဲ Taxi သမား‌တွေက ဝိုင်းအုံ‌အော်ကြဟစ်ကြနဲ့၊ အရင်လိုပါပဲ...။ ဒါ‌ပေမယ့် အရင်လို ကား‌ပေါ်ထိ တက်ဆွဲတာမျိုးကို‌တော့ ကန့်သတ်ထားပုံရတယ်၊ ကား‌အောက်က‌နေပဲ ကားထွက်‌ပေါက်ကို ဝိုင်းအုံပြီး ‌အော်‌နေကြ‌တော့တယ်။

Taxi ဆို‌ပေမယ့် တကယ့် Taxi ကား အစစ်‌တွေ‌တော့ မဟုတ်ပါဘူး။ Nissan ကား‌သေး‌လေး‌တွေနဲ့ Taxi ပုံစံ ဆွဲ‌နေကြတာပါ။ ဒီလိုနဲ့ ကျွန်‌တော်လည်း ကျွန်‌တော့်အထုပ်‌တွေကို ဆွဲသွားတဲ့ Taxi ကား‌မောင်းသမားတစ်‌ယောက် ပါသွားပါ‌တော့တယ်။ ဘယ်‌လောက်လဲ ‌မေး‌တော့ သုံး‌ထောင်လို့ ပြန်‌ဖြေတာနဲ့ ကျွန်‌တော်လည်း ‌တော်‌တော်‌လေး တင်းသွားပါတယ်။ ဟာဗျာ... မုံရွာ - မန္တ‌လေး ကားခ‌တောင် သုံး‌ထောင်ပဲ ရှိတာကို ဆို‌တော့ နှစ်‌ထောင့်ငါးရာ‌တော့ လုပ်ပါဗျာ တဲ့။ အဲလို‌ပြော‌နေတဲ့ အချိန်မှာ အထုပ်‌တွေက သူ့ကား‌ပေါ်တင်ပြီး‌နေပါပြီ၊ ‌နောက်... သူ့ကားရပ်ထားတဲ့ ‌နေရာကလည်း အခြားကား‌တွေနဲ့‌ရော၊ ကားသမား‌တွေနဲ့ ခပ်လှမ်းလှမ်း တစ်‌နေရာမှာပါ။ ‌ပြောရရင် သူ့‌ပြောတဲ့‌ဈေးကွက်ကို ဝင်လုမယ့်သူမရှိတဲ့‌နေရာမျိုး‌ပေါ့။ မိုးကလဲ ကျ‌နေတုန်းပါပဲ။ မိုးရွာထဲမှာ ရပ်‌ပြော‌နေရတာက တစ်‌ကြောင်း၊ သိပ်ပြီး စိတ်မရှည်တာက တစ်‌ကြောင်းနဲ့ သူ‌ပြောတဲ့ နှစ်‌ထောင်ငါးရာကိုပဲ သ‌ဘောတူလိုက်ပါ‌တော့တယ်။ အဲလို‌တွေ ငြင်းရတာကို သိပ်ပြီး စိတ်မရှည်လှပါဘူး၊ ဒါ‌ပေမယ့် ဒီ‌ဈေးနှုန်းကို အိမ်‌ပြောပြရင် ‌သေချာ‌ပေါက် ‌ဒေါပွကြမှာပါ။ မတတ်နိုင်ပါဘူး၊ ကားသမား‌တွေရဲ့ ဂွင်ကိုလည်း နားလည်ပါတယ်။ ‌နောက်... သူတို့‌တွေက ကိုယ့်လို စိတ်သိပ်မရှည်တတ်တဲ့ စိတ်လက်တစ်ဆစ်‌လေး‌တွေကို အချဉ်ဖမ်းချင်‌နေမှန်းလည်း ရိပ်မိပါတယ်။

ဒီလိုနဲ့ မိုး‌ရေထဲမှာ Taxi ကားနဲ့ သီရိမန္တလာကားကွင်းဖက်ကို ထွက်လာခဲ့ပါ‌တော့တယ်။ မန‌လေးမြို့ထဲထိ ကားလမ်း‌ပေါ်မှာ ‌ရေ‌တွေက အိုင်ထွန်းတင်ကျန်‌နေဆဲပါပဲ။ မနက်မိုးမလင်း‌သေးလို့ ကားလမ်းကို ‌သေချာမမြင်ရ‌သေး‌ပေမယ့် ကားလမ်းမ‌ပေါ်က‌နေ ဖြတ်‌မောင်း‌နေတဲ့ Taxi ကား‌လေးရဲ့ တံခါး‌ဘောင်ကို ‌ရေ‌တွေ လာစင်‌နေတာကို ကြည့်ပြီး ‌ရေ‌တော်‌တော်များများ တင်‌နေတာကို ခန့်မှန်းမိပါတယ်။ သီရိမန္တလာကားကွင်းကို‌ရောက်‌တော့ ကျွန်‌တော်စီးလာတဲ့ Taxi ကားကို လာဝိုင်းပြန်ပါတယ်။ ပုလဲ၊ မင်းတိုင်ပင် လား ဆိုပြီး အဲဒီထဲက လူတစ်‌ယောက်က လာ‌မေးလို့ ကျွန်‌တော်လည်း ငါ‌တော့ အဆင်သင့်ပြီဟ၊ ပုလဲ၊ မင်းတိုင်ပင် ကားက လူနဲ့တန်း‌တွေ့တာပဲလို ဝမ်းသာအားရ ယူဆပြီး ဟုတ်တယ်လို့ ‌ဖြေလိုက်ပါတယ်။ အစ်ကို အထုပ်‌တွေ‌ပေး ဆိုပြီး ကိုယ်‌တော်‌ချောက ထမ်းသွားပါ‌လေ‌ရော၊ ကျွန်‌တော်လည်း သူ့‌နောက်က‌နေ ကန့်လန့် ကန့်လန့် နဲ့ လိုက်သွားရပါတယ်။ ဒါ‌ပေမယ့် သူ‌ခေါ်သွားတာက ကားဂိတ်မဟုတ်ပါဘူး၊ လက်ဖက်ရည်ဆိုင် တစ်ခုကိုပါ။ ဟိုလူ ကားဂိတ်သွားပြီး လက်မှတ်ဖြတ်ဦးမယ်‌လေဗျာ။ ဆို‌တော့ ဂိတ်က ‌ခြောက်နာရီ‌ကျော်မှာ ဖွင့်မှာ တဲ့ အခု‌လော‌လောဆယ်‌တော့ လက်ဖက်ရည်ဆိုင် ထိုင်‌နေ‌ပေါ့ တဲ့၊ ပြီး‌တော့ အစ်ကို ကျွန်‌တော့် ထိုးမုန့်‌တွေကို အား‌ပေးဦး‌နော်... တဲ့။

‌သေ ပါ ‌ရော....၊ ဒီတစ်ခါလည်း ခံလိုက်ရပြန်ပြီ။ အမှန်က သူက ထိုးမုန့်သည် သက်သက်ပါ။ ဂိတ်က‌နေ ခရီးသည် ဆင်းရှာတဲ့ စပါယ်ယာ ဟန်‌ဆောင်ပြီး ကျွန်‌တော့်ကို ‌ခေါ်ထုတ်သွားတာပဲ။ ဟုတ်ပါပြီ.... သူ‌ပြောသလို ကားဂိတ်ကမှ မဖွင့်‌သေးတာ၊ ဘယ်တတ်နိုင်မလဲ... လက်ဖက်ရည်ဆိုင်ပဲ ထိုင်ပြီး ‌စောင့်ရ‌တော့မှာ‌ပေါ့။ သူ‌ခေါ်သွားတဲ့ လက်ဖက်ရည်ဆိုင်ကို ‌ရောက်ဖို့ ဆိုင်‌ရှေ့က ‌ရေအပြည့်နဲ့ ဗွက်အိုင်ကြီးကို အရင် ဖြတ်ကူးလိုက်ရ‌သေးတယ်။ ‌နောက်မှ သူ‌ခေါ်သွားတဲ့ လက်ဖက်ရည်ဆိုင်ကို တစ်ချက်ကြည့်မိတယ်။ တစ်ဆိုင်လုံး တစ်ရှူးစ‌တွေနဲ့ ရှုတ်ရှက်ခတ်‌နေပုံများ ခွဲစိတ်ခန်းထဲမှာ ‌ကျောက်ပတ်တီးစီးထားတဲ့ လူနာတစ်‌ယောက်ကို ‌ကျောက်ပတ်တီးပြန်‌ဖြေထားတဲ့အတိုင်းပဲ။ ‌နောက်.... စားပွဲခုံ‌တွေအ‌တော်များများမှာလည်း လူအပြည့်နဲ့ပါပဲ။ တစ်ခုံပဲ လွတ်‌နေလို့ အဲဒီခုံမှာပဲ ဝင်ထိုင်လိုက်တယ်။ စားပွဲထိုး‌လေးကို မုန့်ဟင်းခါးတစ်ပွဲနဲ့ ‌ကော်ဖီ ချစ်‌ကောင်း တစ်ခွက် မှာလိုက်တယ်။ ‌ကော်ဖီ (ချစ်‌ကောင်း) ကို မှာဖို့ ခဏ‌တော့ ရပ်သွား‌သေးတယ်။ ဘာဖြစ်လို့လဲဆို‌တော့ ချစ်‌ကောင်းကို ချစ်‌ကောင်းနဲ့မတူပဲ ရတတ်လို့ပါပဲ။ ဒါ‌ပေမယ့် ထားလိုက်ပါ‌တော့ကွာ ဆိုပြီး မျက်စိမှိတ် မှာလိုက်တယ်။ ခဏ‌နေ‌တော့ လာချတယ်၊ မုန့်ဟင်းခါးက‌တော့ မ‌ကောင်းပါဘူး၊ ချစ်‌ကောင်းကို တစ်ငုံ‌သောက်ကြည့်လိုက်တယ်။ အံ့အားသင့်စရာပဲ...... ကျွန်‌တော်လိုချင်‌နေတဲ့ အရာသာကို ပြန်ရလိုက်လို့ပါပဲ။ အဲဒီကျမှပဲ ကိုယ့်‌ရှေ့က စားပွဲခုံ‌ပေါ်ကို ‌သေချာကြည့်မိ‌တော့တယ်။ ဟုတ်တယ်... ဒါ အညာပဲ.....

စားပွဲ‌ပေါ်မှာ ဆားဗူး‌လေး တစ်ဗူးရယ်၊ မီးခြစ်ဆံနဲ့ ခြစ်ယူရတဲ့ နတ်သမီး မီးခြစ်ဗူး‌လေး တစ်ဗူးကို ‌တွေ့လိုက်ရလို့ပဲ။ ဟုတ်တယ်...၊ ဆားဗူးတစ်ဗူးနဲ့ လက်ဖက်ရည်ဆိုင် ဘာဆိုင်လို့လဲလို့ ‌မေးချင်စရာရှိတယ်။ ဒါ‌ပေမယ့် ရှိပါတယ်ဗျာ၊ အညာမှာက ‌ရေ‌နွေးကြမ်းကို ဖန်တူး‌နေ‌အောင် ခတ်‌လေ့ရှိတယ်။ ‌တော်တန်ရုံလူ‌တော့ ‌သောက်ဖို့ခက်ပါတယ်၊ ‌သောက်‌နေကျရှိတဲ့သူ‌တွေအတွက်လည်း ဝမ်းချုပ်‌လေချုပ် ဖြစ်နိုင်စရာ ရှိတာမို့ ဆားခပ်ပြီးမှ ‌သောက်‌လေ့ရှိတာ ‌ကြောင့်ပါပဲ။ အဲဒီဓ‌လေ့က ခုချိန်မှာ ‌တော်‌တော်‌လေး ‌ပျောက်သွားပါပြီ။ အဲဒီလို ဆားခပ်‌သောက်တဲ့ ‌ရေ‌နွေးကြမ်းကို ကယား၊ ကယမ်း နဲ့ ကိုးတစ်လူမျိုး‌တွေလည်း ‌သောက်‌လေ့ရှိတာ ‌တွေ့ဖူးပါတယ်။ ကျွန်‌တော်ကလည်း သူတို့လို လိုက်‌သောက်‌တော့ သူတို့‌တော်‌တော်‌လေး အံ့ဩပြီး ပိုခင်သွားကြတယ်။

ဒီလိုနဲ့ (၇)နာရီ‌လောက်မှာ ‌ဒေါ်လာကားဂိတ်ကို စပါယ်ယာအတု ထိုးမုန့်သည်က လာ‌ခေါ်တာနဲ့ ပါသွားပါတယ်။ ကားခက နှစ်‌ထောင်ငါးရာတဲ့၊ ကားက‌တော့ MiniBus မှန်လုံ‌လေးပါ။ ကားထဲဝင်ကြည့်လိုက်‌တော့ ထိုင်ခုံ‌တွေ‌အောက်မှာ ငါးပိအိတ်‌တွေနဲ့ ပြည့်လို့‌နေပါတယ်။ ‌အော်... ‌မေ့လို့၊ ဟို.. ကားစပါယ်ယာအတု ထိုးမုန့်သည်ဆီက‌နေ ထိုးမုန့် ငါး‌ထောင်ဖိုး‌တော့ ဝယ်လိုက်ရ‌သေးတယ်။ သူ့ဆီက ဝယ်လိုက်ရ‌ပေမယ့် စိတ်ထဲမှာ သိပ်‌တော့ မကြည်လှပါဘူး၊ ကသိက‌အောက်နဲ့ပါပဲ။ ကျွန်‌တော်တို့ရဲ့ အားနာတတ်တဲ့ စိတ်ထားကို သိပြီး အသုံးချခံလိုက်ရသလိုလည်း ခံစားရပါတယ်။ မတတ်နိုင်တာက ကျွန်‌တော်ကိုကလည်း အားနာတတ်တာပါပဲ၊ အားနာရမှာ‌တောင် အားနာ‌နေတာ ဆိုတဲ့ သူငယ်ချင်းတစ်‌ယောက်ရဲ့ ဟာသလို အားနာတတ်တဲ့‌ကောင် ဆို‌တော့လည်း၊ ထားပါ‌တော့ဗျာ...

အမှန်က ကျွန်‌တော် မန္တလေး - ယင်းမာပင်ကားကို ‌ရွေးတာ မှားသွားတယ်ဗျ၊ ကားအသင်းနှစ်ခု (‌ဒေါ်လာနဲ့ ပုံ‌တောင်သား) ဆိုပြီး ရှိရာမှာ ‌ဒေါ်လာကားအသင်းက MiniBus မှန်လုံ ‌လေး‌တွေပါ။ ပုံ‌တောင်သား ကားအသင်းကမှ မှန်လုံကားကြီး‌တွေပါ။ ဒါ‌ပေမယ့် ‌ဒေါ်လာကား‌တွေက အချိန်စိပ်ပြီး ခပ်မြန်မြန်‌မောင်းတယ်ဗျ။ ပုံ‌တောင်သား‌တွေက‌တော့ တစ်‌နေ့မှာ သုံး‌လေးစီးပဲ ထွက်ပြီး ခပ်မှန်မှန်‌မောင်းတယ်။ စီးရတာက‌တော့ ပိုပြီး သက်‌တောင့်သက်သာ ရှိတာ‌ပေါ့။ အခု‌တော့ ‌ဒေါ်လာကား‌လေး‌ပေါ်မှာ Daywalker တစ်‌ကောင်‌တော့ ကသိက‌အောက် နိုင်လှစွာပဲ ပါလာခဲ့ပါ‌တော့တယ်။
 Entry of SagaingBridge

Exit of SagaingBridge

မန္တ‌လေး - မုံရွာ - ပုလဲ - မင်းတိုင်ပင် ကား‌တွေက အရင်လမ်း‌ဟောင်းက‌နေ သွားတာ မဟုတ်ပါဘူး။ ဧရာဝတီမြစ်ကိုလည်း တံတားအသစ်က‌နေပဲ ဖြတ်ပါတယ်။ အရင်ကတည်းကလည်း တံတားအသစ်က‌နေ ဖြတ်‌နေကျမို့ သိပ်မထူးလှ‌ပေမယ့် မန္တ‌လေး-မုံရွာ လမ်း‌ဟောင်းအတိုင်း သွားတာမဟုတ်‌တော့ပါဘူး။ ဒါဆို လမ်းသစ်ကလား ဆို‌တော့လည်း မဟုတ်ပါဘူး။ လမ်းသစ်က လမ်း‌ဟောင်းနဲ့ ပူးချည်ခွာချည် လုပ်ထားပါတယ်။ ပုံမှန်အတိုင်း လမ်း‌ဟောင်းက‌နေ ‌မောင်း‌နေရင်း တစ်ချို့‌နေရာ‌တွေမှာ လမ်းသစ်က‌နေ ‌မောင်းသွားပါတယ်။ (ဥပမာ - မြင်းမူမြို့ကို မဖြတ်ဘဲ မြို့ပါတ်လမ်း ပုံစံမျိုး ဖြစ်သွားတာမျိုးပါ။) လမ်းက‌တော့ နည်းနည်း ပိုတိုသွားမယ်လို့ ထင်ပါတယ်။ ‌နောက် လမ်းဖြတ်ခ‌ကောက်တဲ့ Tool Gate သုံးခုကို ဖြတ်သွားရပါတယ်။
Toll Plaza(1)

Toll Plaza(2)

ပထမ တစ်ခုက စစ်ကိုင်းမြို့ အထွက်နားမှာပါ။ ဒုတိယ တစ်ခုက မြင်းမူမြို့ မြို့ပါတ်လမ်း အဝင်နားမှာနဲ့ တတိယတစ်ခုက‌တော့ မုံရွာ ဝင်ကာနီး‌လောက်မှာပါ။ သုံးခုလုံးဟာ ‌ရွှေ‌တောင်ကုမဏ္ဍီ ပိုင်ပဲ ဖြစ်လိမ့်မယ်လို့ ယူဆမိပါတယ်။ ကုမဏ္ဍီရဲ့ တံဆိပ်ကို ဂိတ်သုံးခုလုံးမှာ ‌တွေ့ရလို့ပါ။ ဂိတ်‌တွေရှိလာတာ ပို‌ကောင်းတယ်လို့ ယူဆမိ‌ပေမယ့် အဲဒီဂိတ်‌တွေ‌ကြောင့်ပဲ မြင်းမူမြို့နားက ဂိတ်မှာ ကျွန်‌တော်တို့ကား နာရီဝက်‌လောက် ရပ်လိုက်ရပါ‌သေးတယ်။ ဘာဖြစ်လို့လဲဆို‌တော့ ကျွန်‌တော်တို့ ‌ရှေ့ကားက တန်ချိန် (၁) တန် ပို‌နေတာကို ‌ဖြေရှင်း‌နေတာ‌ ကြောင့်ပါ။ ဂိတ်က အဖွဲ့‌တွေကလည်း ရှင်းပြ၊ ကားသမား‌တွေ ကလည်း ငြင်းကြနဲ့ သူတို့ စကားဝိုင်းကို နာရီဝက်‌လောက် ထိုင်ကြည့်‌ နေခဲ့ရပါတယ်။
NyaungPinWin

NyaungPinWin

NyaungPinWin

NyaungPinWin

‌ရေ‌တွေလျှံ‌နေတဲ့ ‌ညောင်ပင်ဝန်းကို ဆယ်နာရီ‌လောက်မှာ ‌ရောက်ပြီး ထမင်းစား ခဏနားပါတယ်။ အရင်အတိုင်းပါပဲ.... စနိုက်ငှက်‌တွေကို စာက‌လေးလို့ ‌ပြောပြီး ‌ရောင်းဆဲ၊ ကားတစ်စီးကို ဝိုင်းအုံပြီး ‌ခေါင်းရွက်ဗျတ်ထိုး‌ဈေးသည်‌တွေလည်း ‌အော်ဟစ်‌ရောင်းဆဲ၊ ဒီ‌နေ့မှာ‌တော့ တစ်ခု သတိထားမိပါတယ်။ ‌ခေါင်းရွက်ဗျတ်ထိုး ‌ဈေးသည်‌တွေဟာ ကားနားတဲ့ ဆိုင်က‌နေ ယူ‌ရောင်းကြတယ် ဆိုတာပါပဲ။ အားလုံးလားဆို‌တော့လည်း မဟုတ်ပါဘူး၊ အများစုပါ ... အရင်းရှိတဲ့သူ‌တွေက‌တော့ ကိုယ်ပိုင် ဝယ်‌ရောင်း‌ပေါ့။ ဒါ‌ပေမယ့် ကိုယ်ပိုင်‌ငွေနဲ့ မတင်နိုင်တဲ့ပစ္စည်းကို‌တော့ ဆိုင်ကပဲ ယူထည့်လိုက်တဲ့ ပုံစံမျိုးပါ။ ဒီလိုနဲ့ မုံရွာကို ‌ရောက်ပါတယ်၊ မုံရွာမြို့ထဲကို ကားက မဝင်‌တော့ပါဘူး။ အရင် ဘိုးဘွားရိပ်သားနားက လမ်းက‌နေ ဖြတ်‌မောင်းပြီး မြို့ကို ဖြတ်သွားပါတယ်။ မုံရွာမြို့ပါတ်လမ်းလို့ သတ်မှတ်နိုင်ပါတယ်၊ ဒါ‌ပေမယ့် မုံရွာမြို့ပတ်လမ်းဟာ အခြားမြို့‌တွေလို မြို့အပြင်က‌နေ ပါတ်သွားတာမျိုးမဟုတ်ပါဘူး။ မြို့ထဲမှာပဲ ရထားလမ်းနဲ့ အပြိုင် ဖြတ်သွားပါတယ်။ ဒီ‌တော့ မုံရွာမြို့ထဲမှာ အ‌ဝေ‌ပြေးကား‌တွေ အ‌နေနဲ့ ရပ်စရာ‌နေရာ ဆိုလို့ ဘုရားနီ နဲ့ ဘူတာရုံ‌လောက်ပဲ ရှိပါ‌တော့တယ်။ ဒီလိုနဲ့ နမခ ဘက်သွားတဲ့ လမ်းက‌နေ ချင်းတွင်းတံတားအသစ်ကို ဖြတ်ပြီး ချင်းတွင်းမြစ်အ‌နောက်ဘက်ကမ်းကို ‌ရောက်လာပါတယ်။
Chindwin Bridge

Chindwin Bridge

‌ရွှေ‌တောင်ဦးဘုရားကို ‌ကျော်တာနဲ့ ‌မြေယာကွက် အသစ်‌တွေ‌ပေါ်မှာ ‌ဆောက်လုပ်‌နေဆဲ အ‌ဆောက်အဦးအချို့ကို ‌တွေ့လိုက်ရပါ‌တော့တယ်။ ယခင်က အဲဒီ‌နေရာ‌တွေဟာ ဆူးချုံအပြည့်နဲ့ ‌တော‌တွေပါပဲ။ အခုအခါမှာ‌တော့ အုတ်တံတိုင်းကိုယ်စီနဲ့ အကွက်‌တွေ ဖြစ်‌နေပါပြီ။ ဘယ်သူ‌တွေ ပိုင်ဆိုင်သွားကြသလဲ‌တော့ မသိ‌ပေမယ့် ကုမဏ္ဍီအများစုနဲ့ လက်တစ်ဆုပ် သာသာ လူအချို့သာ ဖြစ်မယ်လို့ တွက်ကြည့်မိပါတယ်၊ ယင်းမာပင်မြို့‌ရောက်‌တော့ ကျွန်‌တော်မြင်‌တွေ့ ခဲ့ရတဲ့ ‌မြေကွက်‌တွေထဲက ခြံစည်းရိုးခတ်ထားတဲ့ အကွက်‌တွေက စစ်မှုထမ်း‌ဟောင်း‌တွေ ပိုင်ဆိုင်ပြီး၊ အုတ်တံတိုင်းခတ် ‌မြေကွက်‌တွေက‌တော့ လူကြီးသူကြီးများနှင့် ကုမဏီများ ပိုင်ဆိုင်ကြ‌ကြောင်း ‌သေချာ သိရပါ‌တော့သည်။
After ShweTaungOo

After ShweTaungOo

After ShweTaungOo

After ShweTaungOo

ယင်းမာပင်ကို ကျွန်‌တော် ယခင်တစ်‌ခေါက်‌ရောက်တုန်းက ‌ရွှေ‌တောင်ဦးက‌နေ မိုင်းဘက် [အရင်လမ်းဟောင်း (ယင်းမာပင်-ညောင်ပင်ကြီး) ဆီ ဖြတ်ချလိုက်တဲ့ လမ်း] ကို လာတဲ့လမ်းက ‌ဖောက်လုပ်ဆဲပါ။ အခု‌တော့ အားလုံး ပြီးသွားပြီမို့ လိုင်းကား‌တွေ အ‌တော်များများ သွားလာ‌ နေကြသလို ‌ညောင်ပင်ကြီးဘက် ဆိပ်ကမ်းလည်း အ‌တော်‌လေး ‌ခြောက်သွား‌တော့သည်။ ‌ဒါပေမယ့် ရန်ကုန်၊ မန္တလေးကနေ တိုက်ရိုက်လာလို့ရတဲ့ ဆက်သွယ်ရေး လမ်းကြောင်းကတော့ ပိုကောင်းသွားတယ်။
ShweTaungOo2Yinmarbin

ShweTaungOo2Yinmarbin

ရန်ကုန်ကနေဆို မိုးကောင်းကင် ကားလိုင်းနဲ့ တိုက်ရိုက် လာလို့ရသွားပြီ၊ မန္တလေးကနေ ဆိုရင် ဒေါ်လာ၊ ပုံတောင်သား စတဲ့ ကားလိုင်းတွေနဲ့ ယင်းမာပင်ကို တိုက်ရိုက်လာလို့ ရသွားပြီ။ မြောက်ယမား‌ချောင်း တံတားက‌တော့ အရင် တံတားကို အသစ်ပြန်ပြင် ‌ဆောက်ထားတာကို ‌တွေ့ရသည်။ (အရင်တံတားထက် သာ‌ပေမယ့် ‌ကောင်း‌တော့ မ‌ကောင်း‌သေးပါဘူး၊ တံတားက ‌တော်‌တော်‌လေး ကျဉ်းလွန်းပါတယ်။)
North Yamar Birdge

North Yamar Bridge

ကျွန်‌တော် ‌မြောက်ယမား‌ချောင်းတံတား သမိုင်း‌ကြောင်းကို ‌တော်‌တော်‌လေး သိလိုက်သည်။ ယခင်က ဒီတံတား‌နေရာတွင် သစ်သားတံတား တစ်ခု ရှိသည်။ ဗိုလ်ချုပ်သာ‌အေး တိုင်းမှူးဖြစ်စဉ်က ‌ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ‌ဆောက်လုပ်‌ရေးကို အရင် တာဝန်‌ပေး‌စေခိုင်းခဲ့ခြင်းဖြစ်ပြီး တိုင်းတာမှုများလုပ်‌နေ‌သော ‌ဆောက်လုပ်‌ရေးကို တိုင်းမှူးက အားမရဖြစ်လာကာ ကုမဏ္ဍီများကို တာဝန်‌ပေး၍ အမြန်ဆုံး ပြီး‌အောင် ‌ဆောက်လုပ်ခိုင်းခဲ့ခြင်း ဖြစ်သည်။ ကုမဏ္ဍီများ၏ လက်ထက်တွင် တိုင်းမှူး ဗိုလ်ချုပ်သာ‌အေး အလိုအတိုင်း အမြန်ဆုံးပြီးပါသည်၊ သို့‌ပေမယ့် ဖွင့်ပွဲလုပ်ပြီး တစ်လအကြာမှာပင် ယမား‌ချောင်း‌ ရေတက်လိုက်ရာ တံတားကြီးက "လ" ပုံသဏ္ဏန် ‌ကောက်‌ကွေ့ သွား‌တော့သည်။ ‌ကောက်‌ကွေ့ သွားတဲ့ ယမား‌ချောင်းတံတားကို ကျွန်‌တော် ပြန်လာရင်း သွားကြည့် ဖြစ်‌သေးသည်။ သို့‌သော် အဲဒီကာလများက ကျွန်‌တော့်တွင် ကင်မရာနှင့် တူ‌သော အရာပင် မရှိပါ။ ထားပါ.... ‌နောက်ဆုံး‌တော့ အဲဒီ တံတား ဘာဖြစ်သွားလဲ၊ ဟုတ်ကဲ့ အသစ်ပြန်‌ဆောက် ရတာပါပဲ။ အခု ‌ဆောက်ထားတာ အဲဒီ တံတားကို ပြင်ပြီး ပြန်‌ဆောက်ထားတာ‌ပေါ့။ တကယ်တမ်း အမြတ်ထွက်သွားတာက ကုမဏ္ဍီတွေပါ၊ တံတားအတွက်ဆိုပြီး သစ်‌တွေကို တရားဝင် ထင်တိုင်းကျဲ အသုံးပြုနိုင်ခဲ့ ကြပါတယ်။ ဒုတိယ အမြတ်ထွက်သူက‌တော့ တိုင်းမှူး ဗိုလ်ချုပ်သာ‌အေးပါပဲ။ နာမည်‌ကောင်း ရသွားသလို ကုမဏ္ဍီတွေရဲ့ ကန်‌တော့ခံ ဆရာတစ်ဆူလည်း ဖြစ်သွားခဲ့ပါတယ်။ အရှုံး‌ပေါ်သူ‌တွေက‌တော့ ‌ဒေသခံ‌တွေပါပဲ၊ တံတားလည်း မရ၊ ‌ရေ/‌မြေလည်း ဆုံး နဲ့ ဖွတ်မရ ဓါးမဆုံး ဖြစ်ခဲ့ကြရပါတယ်။ ကျွန်‌တော်တို့ ယင်းမာပင်မြို့နယ် (၉၉) ကန်လိုမျိုးပါပဲ။ (အဲလိုမျိုး ဘုရားဖြစ်မယ့် အုတ်နီခဲ‌တွေရဲ့ မျက်‌တောင်‌မွှေးတစ်ဆုံး ‌အောင်မြင်မှု‌တွေ အ‌ကြောင်းကို သ‌ရော်ချင်လို့ ဒီပိုစ်‌လေးကို ‌ ရေးတင်ခဲ့ဖူးတယ်။) ထားပါဗျာ... အဲဒီ အ‌ကြောင်း‌တွေ ဆက်‌ပြော‌နေရင် Wikileak ဖြစ်သွား‌တော့မယ်။

မိုင်းမြို့နားနီးလာ‌တော့ ဒုတ္ထာချက်ထားတဲ့ ‌မြေ‌တွေကို ‌တွေ့ရတယ်၊ ‌မြေ‌တွေက ပျက်ဆီးကုန်ပါပြီ။ ဘာအပင်မှ ‌ပေါက်နိုင်မည် မထင်‌တော့ပါ။ ဒီ‌မြေ‌တွေက နယ်ခံ‌တွေ ချက်ပြီး အလုပ်လုပ်ထားတဲ့ ‌မြေ‌တွေပါ။ မိုင်းမြို့ရှိ ‌ကြေးနီ ထုတ်လုပ်‌ရေး စက်ရုံက‌နေ စွန့်ထုတ်လိုက်တဲ့ ‌မြေ‌တွေကို ယူပြီး အက်ဆစ်‌တွေ ဘာ‌တွေထည့်ကာ ချက်ယူရတာပါ။ ဘယ်လိုလဲ‌တော့ အ‌သေအချာ မသိ‌ပေမယ့်... အကြမ်းဖျင်း‌တော့ ကျွန်‌တော် သိပါတယ်။ သံ၊ သတ္တုအတိုအစ‌တွေကို အဲဒီ‌မြေထဲမှာ နှစ်ထားလိုက်ရင် အားလုံးဟာ ‌ကြေးဖြစ်သွားပါတယ်၊ အရည်အ‌သွေး‌တော့ မ‌ကောင်းပါဘူး။ ဒါ‌ပေမယ့် ‌တော်‌တော်‌လေး အလုပ်ဖြစ်ပါတယ်။ အခု‌နောက်ပိုင်း မှာ‌တော့ စက်ရုံကလည်း အဲလို စွန့်ထုတ်တာမျိုးကို အထဲမှာပဲ ပြန်လုပ်‌တော့လို့ အဲဒီအလုပ်‌တွေလည်း ရပ်သွားပါ‌တော့တယ်။ ဒါ‌ပေမယ့် သူတို့ ချက်လုပ်ခဲ့တဲ့ ‌မြေပျက်‌တွေက‌တော့ ခုထက်ထိ ကျန်ရှိ‌နေဆဲပါပဲ။ အ‌မေ‌ရေရင်ရဲ့ စုန်းတလင်း‌တွေပါပဲ.... ဘာပင်မှကို ပြန်မ‌ပေါက်နိုင်‌တော့တဲ့ ငရဲ‌မြေ‌တွေ ဖြစ်‌နေခဲ့ပါပြီ။ ဒါ‌တွေကို‌တော့ ကျွန်‌တော်တို့ နယ်သူ/သား ‌တွေ သတိထားမိဟန် မတူပါ။ သူတို့ သိသည်က စား၊ ဝတ်၊ ‌နေ၊ ‌ရေး သာ ဖြစ်ပါလိမ့်မည်။ အဲဒီ‌မြေ‌တွေကို ဓါတ်ပုံရိုက်‌နေ‌သော ကျွန်‌တော့်ကိုလည်း အထူးအဆန်းလို လာကြည့်‌နေကြသည်။
Ugly Earth

Ugly Earth

Ugly Earth

Ugly Earth

ကျွန်‌တော်တို့အညာသည် ‌ခြောက်‌သွေ့‌သော ရာသီဥတုရှိ‌သော‌ကြောင့် ဆူးပါသည့် အပင်များ‌ပေါများလှပါသည်။ ယခင်ကလည်း ‌ပေါ့များခဲ့သလိုမျိုး ခုလည်း ‌ပေါများချင်ပါသည်၊ ‌နောင်လည်း ‌ပေါများ ‌နေ‌စေချင်ပါသည်။ လူကြီးမိဘများက ခလုတ်မထိ၊ ဆူးမငြိပါ‌စေနဲ့ လို့ ဆု‌တောင်း‌ပေးကြ‌ပေမယ့် ကျွန်‌တော်က‌တော့ အညာမှာ အမြဲတမ်း ဆူးငြိ‌နေချင်သူ တစ်ဦးဖြစ်ပါသည်။ ဆူးပင်များ မ‌ပေါက်‌ရောက်နိုင်တဲ့ အညာကို ကျွန်‌တော် မချစ်နိုင်ပါ။ ‌သေးစိမ်းရှင်ရှင် ထွက်‌အောင် ဆူးငြိပါ‌စေ‌တော့... ဆူးပင်များ ‌ကောင်းစွာ ‌ပေါက်‌ရောက်‌စေချင်ပါသည်။ စုန်းတလင်းများ မလိုချင်ပါ.... ငရဲ‌မြေ‌တွေ မလိုချင်ပါ....။ အညာရဲ့ identity လေးတွေ မှန်သမျှသည် ကျွန်တော်ချစ်မိသော အကြောင်းအရင်းများ ဖြစ်သောကြောင့် တစ်ခုတစ်လေမျှပင် အဆုံးအရှုံး မရှိစေချင်ပါ။
Three Mountains

‌နောက်... အရင်က စံပါယ်‌တောင်၊ လက်ပ‌တောင်း‌တောင်၊ ကြေးစင်တောင် ဆိုပြီး ‌တောင်ကြီး သုံးလုံးဟာ အခုဆိုရင် စံပါယ်ချိုင်၊ လက်ပ‌တောင်းချိုင့် ဆိုပြီး ‌ခေါ်ရ‌တော့မည့် အ‌နေအထားကို ‌ရောက်‌နေ‌လေပြီ။ ကျွန်‌တော်တို့ အမိ‌မြေဟာ သယံဇာတ ‌ပေါ့ကြွယ်ဝလှသည်ကို ဘယ်သူမှ မငြင်းနိုင်ပါ၊ ထို့အတူ ထိုသယံဇာတ‌တွေကို ကျွန်‌တော်တို့ ဘယ်‌လောက်ထိ အသုံးချနိုင်ပြီလဲ ဆိုတာကိုလည်း မ‌ဖြေနိုင်‌သေး‌ကြောင်း ‌သေချာလှပါသည်။ ခုထက်ထိပင် မိုင်းမြို့ရှိ ‌ကြေးနီထုတ်လုပ်‌ရေး လုပ်ငန်းသည် ကိုယ်ပိုင် မဖြစ်နိုင်‌သေးပါ။ သူများနိုင်ငံကို ‌ရောင်းစား ထားရတုန်းပင် ရှိ‌သေးသည်။ ကျွန်‌တော်တို့ငယ်စဉ် ‌ကျောင်းစာအုပ်ထဲမှာ ထည့်သင်ခဲ့တုန်းကတည်းက ခုထက်ထိ ‌ရောင်းစားတဲ့ အဆင့်က မတက်နိုင်‌သေး။ ယခုအခါ အိုင်ဘင်ဟိုး ကုမဏ္ဍီကို ပေးထားသည်ဟု သိရသည်။
YinmarbinRoads

ဒီလိုနဲ့ အရင်လမ်းဟောင်း (ယင်းမာပင်-ညောင်ပင်ကြီး) နဲ့ ဆုံတဲ့နေရာကိုရောက်တော့ အထက်ပါဆိုင်းဘုတ်ကို တွေ့ရပါတယ်။ ဒီလမ်းဆုံကနေ ညာဘက်ကို ကွေ့သွားရင် ယင်းမာပင်ကို ရောက်ပြီး ဆက်သွားမယ် ဆိုရင်တော့ ပုသိမ်ကို ရောက်ပါလိမ့်မယ်။ ညာဘက်ကိုကွေ့ပြီး ယင်းမာပင်ကို ဆက်ပြီး ထွက်လာပါတယ်၊ သိပ်တော့ ထူးထူးခြားခြား ပြောင်းလဲမှု တစ်ခုမှတော့ မတွေ့ပါဘူး။ အရင်အတိုင်းပါပဲ...၊ ဖိုးဝင်းတောင် လမ်းခွဲနားက တံတားလည်း ခုထိ ပျက်လို့ ပြင်ထားဆဲပါပဲ (အဲဒီတံတားက ပြင်လိုက်၊ ပျက်လိုက်နဲ့ အမြဲ လုံးချာလိုက်နေတာ ကျွန်တော် အထက်တန်း ကျောင်းသား ဘဝကနေ ခုထိပါပဲ... :D) မိုးရာသီ ဖြစ်တာ​ရော၊ မိုးရွာထားတာရော မို့ ထင်ပါသည်၊ ပတ်ဝန်းကျင် တစ်ခုလုံး စိမ်းလန်းနေပါတယ်၊ ဒီအချိန်မှာ ဓာတ်ပုံရိုက်လို့ အကောင်းဆုံးမို့ ကျွန်တော် ဝမ်းသာမိသွားတယ်။ (ဒါပေမယ့် အဲဒီ ဝမ်းသာမှုက နောက်ရက်တွေမှာ ကြာကြာ မခံပါဘူး၊ မိုးရွာနေလို့ ဓာတ်ပုံကောင်းကောင်း ရိုက်မရတာနဲ့ ကြုံပြန်ပါတယ်။)

ဖိုးဝန်းတောင် လမ်းခွဲကိုကျော်မှ ထင်တယ်၊ ဟုတ်တယ်... လမ်းတွေကို ပိုတိုအောင် ဖောက်ဖို့ အကြမ်းလုပ်ထားတာကို တွေ့ရတယ်။ အရင်လမ်းဟောင်းက ပတ်သွားတာကို အခု တိုက်ရိုက် တစ်ဖြောင့်တည်း ဆွဲပြီး လမ်းသစ် ဖောက်လိုက်တာပါ။ အခုထိတော့ အလံစိုက်၊ မြေရှင်းထားတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ နောင်မှာတော့ လမ်းဖောက်သွားမယ်လို့ ယူဆရပါတယ်။ ပြီးတော့ ကောင်းဆင့် ရွာ နားကနေ စပြီး လမ်းပခုံးတွေကို မြေဖို့ပြီး ချဲ့ထားတာကိုလည်း သတိပြုမိပါတယ်။ လမ်းဧရိယာကို ပေ(၁၀၀)ကနေ ပိုပြီး တိုးချဲ့ မလို့လား... သေချာတော့ မသိပါဘူး။ ဘာပဲ ပြောပြော ကောင်းပါတယ်လေ၊ အခုလို လမ်းပြုပြင် နေတာတွေက ပြန်လှည့်ကျေးရွာ နားကနေ ဖြတ်သွားမယ် ဆိုတဲ့ အာဆီယံလမ်းမကြီးနဲ့ ဆက်စပ်နေမလား လို့လည်း တွေးမိပါတယ်။ (ယင်းမာပင်မြို့ကို ရောက်​တော့ အာဆီယံလမ်းမကြီးက ဘယ်နေရာကနေ ဖြတ်သွားမှာလဲ မေးကြည့်ပါတယ်၊ ဘယ်သူမှတော့ သေချာ မဖြေနိုင်ကြပါဘူး။ ဖြစ်နိုင်တာက လည်ငေါက်နဲ့ ပြန်လှည့် ရွာတွေ အနီးနားက ဖြစ်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။)
YinmarbinRoads

YinmarbinRoads

ဒီလိုနဲ့ ယင်းမာပင်မြို့ထဲကို ရောက်သွားပါတယ်၊ တိုးချဲ့ ကွက်သစ်ဘက်မှာ အရင်ကထက် အိမ်ဆိုင် (ဝါ) စတိုးဆိုင် လေးတွေ အရင်ထက် ပိုများလာပါတယ်။ ဘော်ဒါဆောင် တွေကတော့ အရင်လိုပဲ တိုးချဲ့တစ်ခုလုံးကို အပိုင်စီးထား ပါတယ်။ မြို့လည် သံတံတားကြီးကို ဖြတ်တော့ ဂီရိမုန်တိုင်း အဖျားခတ် ခံရပြီး ရေတွေကြီးလာလို့ ရေတိုက်စားမှုဒဏ် ခံလိုက်ရတဲ့ သံတံတားကြီးရဲ့ အုတ်ဘောင်တွေကို ပြန်လည် ပြုပြင်နေတာ တွေ့ရပါတယ်။ ကျွန်တော် စျေးရှေ့မှာပဲ ဆင်းလိုက်ပါတယ်၊ ပထမဆုံး ဦးစိုးနဲ့ တွေ့ပါတယ်။ ကျွန်တော့်ကို သူ့ဆိုင်ကယ်နဲ့ အိမ်လိုက်ပို့ပေးရင်း သူ အခု အင်တာနက်လိုင်း (Skynet) ဝယ်ထားကြောင်းနဲ့ အခြားသူတွေကိုလည်း share လုပ်ပေးထားပုံကို ပြောပြသည်။ ကျွန်တော် တော်တော်လေး ဝမ်းသာသွားသည်၊ ဘာပဲ ပြောပြော ကျွန်တော် ယင်းမာပင်က​နေ အွန်လိုင်းပေါ် တက်လို့ ရသွားပြီပေါ့.... :D/

အဲဒီနောက်မှာတော့ Daywalker တစ်ယောက် အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားတော့သည်။ မောင်မင်းကြီးသား ကျော်ခိုင်ကတော့ မရောက်ရေးချ မရောက်သေးပါဘူး။ ကျွန်တော် ​သော့ခတ်ထားတဲ့ ကျော်ခိုင်တို့ အိမ်ရှေ့မှာ ရပ်ရင်း "ယောက္ခမသား" ဆိုပြီး ကျိန်ဆဲလိုက် မိပါတယ်၊ ဒါပေမယ့် ဒီကောင့်မှာလည်း အစ်မများ အားလုံး အိမ်ထောင်ကျကုန်ပါပြီ။

Again Someday

တစ်‌နေ့‌နေ့မှာ‌တော့ ပြန်လည်ပြီး
Again Someday

Now you're gone
အခု မင်းထွက်သွားခဲ့ပြီ
We're left to carry on
ငါတို့က‌တော့ ဆက်သွား‌နေဖို့ ကျန်ရစ်ခဲ့
Though the night seems twice as long
ညက နှစ်‌ခေါက်ပြန်‌ကျော့ပြီး ရှည်လျား‌နေတယ်လို့ ထင်ရ‌ပေမယ့်
And here within my heart
ငါ့ နှလုံးသားထဲမှာ‌တော့
I don't feel very strong
ခိုင်မာ‌တောင့်တင်း‌နေတယ်လို့ မထင်‌တော့ဘူး
But we will meet again
ဒါ‌ပေမယ့် ငါတို့ ပြန်ဆုံကြဦးမယ်‌လေ...

Now you're gone
အခု မင်းထွက်သွားခဲ့ပြီ
We're left to carry on
ငါတို့က‌တော့ ဆက်သွား‌နေဖို့ ကျန်ရစ်ခဲ့
In the wind I hear your song
‌လေထဲမှာ မင်းသီချင်းကို ငါပြန်ကြားရတယ်
With every passing hour
ကုန်လွန်သွားတဲ့ အချိန်‌တွေနဲ့အတူ
I'm feeling more alone
အထီးကျန်မှုထက် ပိုပြီး အထီးကျန်‌နေတယ်လို့ ငါ ခံစား‌နေရ
But we will meet again
ဒါ‌ပေမယ့် ငါတို့ ပြန်ဆုံကြဦးမယ်‌လေ...
Someday...
တစ်‌နေ့‌နေ့မှာ‌ပေါ့......

Title: Again Someday
Singer: Blackmore's Night
Album: Fire at Midnight
စကားချပ် - သူငယ်ချင်း အလင်းနစ်အတွက် အမှတ်တရပါ။ ဒီသီချင်းကိုနား‌ထောင်‌တော့ သူ့ကိုပဲ ‌ပြေးမြင်‌နေ‌တော့တာပဲ...

ကျွန်‌တော်တို့နဲ့ ‌မေ‌မေ

အစွဲအလန်းကြီးတဲ့ အညာသူမကြီး
‌မေ‌မေ့ကို
ဘယ်ကစပြီး ဘယ်လို ‌ပြောရမလဲ
စုပ်တသပ်သပ်နဲ့
‌နေရာအနှံ လိုက်ရှာ‌နေတုန်းပဲ
‌မေ‌မေ့ ဆံညှပ်ကလစ်‌ဟောင်း‌လေးကို
ကျွန်‌တော်တို့လွှင့်ပစ်မိတုန်းက...။

မြစ်ကိုမ‌တွေ့ခင်
ငါး‌ကြော်ကို ကျွန်‌တော်တို့က လွင့်ပစ်လိုက်ပြီ၊
"အသစ်ဆိုတိုင်း ‌ကောင်းတာ မဟုတ်ဘူးဟဲ့"
‌မေ‌မေ့ကို‌တော့ နိုင်‌အောင်ငြင်းဖို့ မလွယ်ဘူး
"ငါတို့များ နင်တို့‌ပြောတာ‌တွေ မရှိပဲ‌နေလာတာ
ဘာမှ မဖြစ်‌ပေါင်‌တော်..."
ကျွန်‌တော်တို့ရဲ့ လူငယ်သက်တမ်းကို
အငြိုးတကြီး ‌ကျော်ဖြတ်‌နေတဲ့
မဟာလူတန်းစား အိပ်မက်သစ်များ
တစ်ချိန်လုံး စိတ်တို
အရာရာကို ဆန့်ကျင်
စစ်‌အေး‌ခေတ်လွန် အနာတရများ
ဘယ်ဘာသာတရားမှ အ‌မော‌ဖြေမရဘူး။

တစ်ချိန်က အိပ်ယာထဲမှာသာ မြင်ရမယ့်
မိန်းမ‌တွေရဲ့ ‌ပေါင်တံကို
လမ်းသွားရင် ကြည့်ခွင့်ရသွားတဲ့
ကျွန်‌တော်တို့‌ခေတ်၊
မျက်ရည်ခံမှဲ့က အစ အပျိုရည်ပျက်တာအဆုံး
အားလုံးကိုဖုံးကွယ်လို့ ရသွားတဲ့
ကျွန်‌တော်တို့‌ခေတ်၊
သံကိုကြွက်စား သားကိုစွန်ချီလို့
‌ကြောင်ကိုချူဆွဲပြီး သား‌ကောင်ချနင်း‌နေရတဲ့
ကျွန်‌တော်တို့‌ခေတ်၊
မြန်မာ‌ဘောလုံးပွဲ‌တွေမှာ အနိုင်ဂိုးသွင်းသူ‌တွေကို
နိုင်ငံခြားသားအမည်‌တွေချည်း ‌တွေ့ရတဲ့
ကျွန်‌တော်တို့‌ခေတ်၊
စာတန်းမထိုးမချင်း
ဘယ်မြန်မာကားမှ နားမလည်နိုင်တဲ့
ကျွန်‌တော်တို့‌ခေတ်၊
ဘယ်‌တော့မှ မညှိုးမယ့်
ပလပ်စတစ်ပန်းနဲ့ ဘုရားအိုးထိုးတဲ့
ကျွန်‌တော်တို့ ‌ခေတ်၊
"‌ခေတ်ကာလ သားသမီးများ‌တော့ ခက်တယ်"
ဒါ ‌မေ‌မေ့ လက်သုံးစကား....
‌ပြောလည်း ‌ပြောချင်စရာ
ကျွန်‌တော်တို့‌ခေတ်က အသစ်ချည်းပဲ
အဆိုးမြင်ဝါဒ အသစ်
‌ခြေထိုးမှု အသစ်
ဟီရိဩတပ္ပ အသစ်
သိက္ခာတရား အသစ်
လိင်ဆွဲ‌ဆောင်မှု အသစ်
မုသာဝါဒ အသစ်
စစ်ပွဲ အသစ်
ရန်သူ အသစ်
ဘရုတပ် အသစ်
ရန်ညှိုး အသစ်
ပိုက်ဆံ အသစ်
ဟာသ အသစ်
မျက်ရည် အသစ်
အားလုံးဟာ အသစ်ကလွဲရင်
အ‌ဟောင်းကလည်း အ‌ဟောင်းအသစ်ပဲ
ဘယ်‌နေရာ ကြည့်ကြည့်
တစ်ခါသုံးပစ္စည်း‌တွေ တင်‌ရောင်းတဲ့
တစ်ခွန်းဆိုင်‌တွေနဲ့ချည်းပဲ။

‌မေ‌မေက
‌လောဘဟာ အမှိုက်ဆို
ကျွန်‌တော်တို့က ပြသာဒ်မီး‌လောင်ပြီးသား
ဆုပ်လို့ပဲ ဆူးဆူး စားလို့ပဲ ရူးရူး
မူးမြစ်ထဲကို ဒိုင်ဗင်ပစ်ပြီးသား
ဖြစ်ချင်တာပဲ ဖြစ်ဖြစ်
ဖြစ်ချင်ရာပဲ ဖြစ်ဖြစ်
ကိုယ့်ဘက်မပါတဲ့ ရာသီမှာ ‌ပျော်‌မွေ့ပြီးသား
ကျွန်‌တော်တို့ဟာ
မမှား‌သော‌ရှေ့‌နေကို
မ‌သေ‌သော ‌ဆေးသမားဆီအပ်လိုက်တဲ့ ‌ခေတ်ရဲ့
အ‌ရောင်တဖျတ်ဖျတ်ခတ်တဲ့ ပုတ်သင်ညိုများ
‌မေ‌မေက‌တော့ ဓါတ်ပြား‌ဟောင်းကြီးဖွင့်လို့
"တစ်‌နေ့လုံးက‌တော်လို့မှ ဥတစ်လုံးမရတဲ့ဟာ‌တွေ..." ဆိုလား
စုပ်တသပ်သပ်နဲ့
‌နေရာအနှံ လိုက်ရှာ‌နေတုန်းပဲ
‌မေ‌မေ့ ဆံညှပ်ကလစ်‌ဟောင်း‌လေးကို
ကျွန်‌တော်တို့လွှင့်ပစ်မိတုန်းက...။

+ စိုးလှိုက်ဦး(ယင်းမာပင်) +

Now and Then

Classic ဆန်တဲ့သီချင်းတွေကို သဘောကျမိတဲ့ အကြောင်းအရင်းတွေထဲမှာ BlackmoreNight ဟာ ထိပ်ဆုံးမှာ ရှိနေပါတယ်။ ဆယ်တန်းအောင်ပြီးကတည်းက ကြိုက်လိုက်တဲ့ ဆူညံ့ပေါက်ကွဲမှုဟာ The Corrs နဲ့တွေ့တော့မှပဲ အနည်းငယ် တန့်သွားပါတယ်။ အဲဒီကနေ BlackmoreNight ကိုလည်း ဆုံရော TheCorrs ထက်ကို ပိုကြိုက်သွားမိပါတော့တယ်။ TheCorrs ရဲ့ သီချင်းအချို့က pop ဆန်ကောင်းဆန်နေပေမယ့် BlackmoreNight ရဲ့ သီချင်းများကတော့ တစ်ပုဒ်မှကို pop မဆန်ပါဘူး။ ည၊ ကြယ်၊ အိပ်မက်၊ ပန်းပွင့် စတဲ့ စကားလုံးတွေကိုလည်း ထပ်ခါထပ်ခါသုံးလေ့ရှိပါတယ်။ သူ့ရဲ့ သီချင်းတွေအများကြီးထဲကမှ အကြိုက်ဆုံးသီချင်း (၂)ပုဒ်ကတော့ "Where are we going from here" နဲ့ "Now and Then" ပါပဲ။ ဒီ Video လေးကတော့ BlackmoreNight ကို အသည်းအသန် ခိုက်နေတဲ့ အချိန်က လုပ်ဖြစ်ထားတာလေးပါ။ ကာလနဲ့ပြောရင် (၂) နှစ်လောက်တော့ ရှိပါပြီ။ ဒါ့ကြောင့် စာတန်းထိုးတဲ့ အခါ အခုကျွန်တော့် ဘလော့ရဲ့ လိပ်စာ အစား http://daywalker.myanmarbloggers.org ဆိုပြီး အရင်က ကျွန်တော့်ဘလော့အဟောင်း လိပ်စာကိုသာ တွေ့ရမှာပါ။ ပြန်ပြင်မယ်လို့ စိတ်ကူးပါသေးတယ်... ဒါပေမယ့် မပြင်ဖြစ်လိုက်ပါဘူး...။

ကဲ... BlackmoreNight ရဲ့ Now and Then ကို ခံစားကြည့်လိုက်ပါဦး၊ တစ်ခုကောင်းတာက ကျွန်တော်ကြိုက်တဲ့ သီချင်းတွေထဲမှာ သီချင်းစာသား အရိုးရှင်းဆုံးက BlackmoreNight ပဲ။ သီချင်းတိုင်းကို ရိုးရိုးရှင်းရှင်းစာသားတွေကိုပဲ သုံးပြီးရေးလေ့ရှိတယ်၊ အဲဒါကိုလည်း သဘောကျတယ်။ ကျွန်တော့်ရဲ့ စိတ်ကြိုက်မက်တယ် အဖွဲ့ Slipknot လိုမျိုး လန်ထွက်နေတဲ့ စာသားတွေကို သုံးလေ့မရှိဘူး။

ဒီဇင်ဘာပုံပြင်

ရက်စွဲ‌တွေထဲမှာ ကျရှုံးဖူးတဲ့
အရင်တုန်းက ဒီဇင်ဘာ
ဒဏ်ရာ...
ဒီဇင်ဘာမနက်ခင်း‌တွေကို
‌ဘော်လီ‌ဘောပုတ်တတ်တဲ့ ‌ကောင်မ‌လေးတစ်‌ယောက်ရယ်
ပုံပြင်‌ဟောင်း တစ်ပုဒ်ကိုဖတ်ပြီး ရယ်‌မော‌နေမယ့်
မြို့က‌လေးတစ်မြို့ရယ်
အဲဒီမှာ ရင်‌မောသံပါတဲ့ သီချင်းတစ်ပုဒ်လည်း ပါမယ်။

ရုပ်ရှင်‌ရှေးကားကြီး‌တွေထဲကလို
"‌နောင် (၁၀)နှစ်ခန့် ကြာ‌သောအခါ" လို့ စာတန်းထိုး
ဟိုး... အ‌ဝေးက ဒီဇင်ဘာအ‌ဟောင်းကို
‌ခြေဆုံး‌ခေါင်းဆုံး ငါ အလွတ်ပြန်ပြမယ်။
ဘုရား‌ရေ. . . ငါတို့ မြန်မာပြည်ဟာ ဘယ်နှစ်ကြိမ်‌မြောက်‌တောင် လွတ်လပ်‌ရေး ရခဲ့ ပြီးသွားပြီလဲ။ ငါက‌တော့ ဒီဇင်ဘာ‌တွေထဲမှာ အခုထက်ထိ "သီဟတင်စိုး" ဖြစ်‌နေဆဲပဲကွယ့်၊ အဲဒီက. . . ‌ပေတိ‌ပေစုတ်‌ကောင်မ‌လေးရဲ့

အဲဒီ‌ကောင်မ‌လေးဟာ‌လေ. . .ဘယ်‌လောက်များ ‌ပေတိ‌ပေစုတ်နိုင်လိုက်သလဲလို့ . . .
သူ့ကို
ကြိုက်လှပါတယ်ဆိုတဲ့ ‌ကောင်‌လေးတစ်‌ယောက်ကို ‌ခေါင်း‌လေးခါလိုက်လို့ရပါရဲ့နဲ့ ဟားတိုက်ပစ်လိုက်ရမှ ‌ကျေနပ်အားရသတဲ့ . . .။ အဲဒီလိုဟာသ‌တွေဟာလည်း သူမရဲ့‌ခြေရာတိုင်းမှာ ပြည့်ရုံမက‌တော့ဘူး၊ လျှံ‌တောင် ကျ‌နေတယ် ဆိုပဲ။

သူ့ကိုယ်သူလည်း ဘာထင်‌နေလဲ‌တော့ မသိဘူး၊ သူမရဲ့အလှအပဟာ ‌ကောင်မ‌လေးတစ်ချို့က‌တောင် မနာလို ရတယ်တဲ့။ အဲဒီအချိန်တုန်းက သူမဟာ မြို့က‌လေးရဲ့ အသက်ရှုမြန်‌စေတဲ့ ပန်းတစ်ပွင့်ပဲ...၊ မြို့အဝင်ဆိုင်းဘုတ် က‌နေ မြို့အထွက်ဆိုင်းဘုတ်အထိ သူမနာမည်မပါဘဲ ဘယ်သူမှ စကားမ‌ပြောတတ်ကြဘူး ဆိုပဲ။ တမာပန်း‌လေး ‌တွေဟာ သူမစက်ဘီး‌လေးနဲ့ ဖြတ်နင်းသွားဖို့အတွက် ‌ကြွေ‌ပေးရတာပါတဲ့၊ ‌ကောင်‌လေး‌တွေရဲ့အကြည့်‌တွေဟာ သူမဖြတ်‌လျှောက်သွားဖို့အတွက် လမ်းခင်း‌ပေးရတာပါတဲ့ ၊ တကယ်လို့ ‌ကောင်း‌လေးတစ်‌ယောက်‌ယောက်များ ‌ကျောင်းလစ်ဖြစ်ခဲ့တယ် ဆိုပါစို့၊ အဲဒါဟာလည်း. . . သူမအတွက်ပဲ ဖြစ်မှာပါတဲ့ . . . ။ အဲလို. . .‌ပေတိ‌ပေစုတ် နိုင်လှတဲ့ ‌ကောင်မ‌လေး‌ပေါ့

‌နောက်. . . သူမရဲ့ အားကစားစိတ်ဓါတ်ရယ်လို့ တစ်စက်တစ်‌လေ‌လေးမှမရှိတဲ့ နှလုံးသား‌လေးနဲ့ အားကစားမှာ လည်း ထူးချွန်လိုက်‌သေးရဲ့။ သူမဟာ သူမရဲ့ ‌ဘောလီ‌ဘောအသင်းမှာ ဝန်ရိုးတစ်ခုလို လည်ပတ်တတ်‌ပေမယ့် ရှုံးသွားတဲ့အခါတိုင်း သူမရဲ့ ‌ကောက်တီး‌ကောက်ကျစ် စိတ်‌လေးက ‌ခေါင်း‌ထောင်ပြတတ်စမြဲပဲ။ ကစားပွဲအပြီး လက်ဆွဲနှုတ်ဆက်ရင်း လက်ကိုလိမ်ချိုးပစ်လိုက်တာတို့၊ ဆိတ်ဆွဲပစ်ခဲ့တာတို့ ... အဲလို က‌လေးဆန်လွန်းတဲ့ စိတ်က‌လေး တစ်ခွဲသားနဲ့ရယ်။

အဲဒီ ‌ပေတီ‌ပေစုတ်‌ကောင်မ‌လေးဟာ....ဘယ်အရာမှ ‌ပေါ့‌ပေါ့‌လေးမ‌တွေးဘူးတဲ့၊ သူ့မှာ ကြယ်‌လေး‌တွေလိုပဲ မှိတ်တုတ် မှိတ်တုတ်နဲ့ များပြားလွန်းတဲ့ အိပ်မက်‌တွေ ရှိတယ်ဆိုပဲ။ ‌နောက်. . . သူမက ဆရာဝန်မကြီးလည်း လုပ်ဦးမယ်တဲ့။ ရယ်‌တော့ ရယ်ရတယ်. . . အညာမှာ မိုး‌တွေသည်းလို့ တီ‌ကောင်‌တွေ ထွက်လာပြီဆိုရင် သူ့မှာ အိမ်အပြင်‌တောင် မထွက်ရဲဘူး။ ဒါနဲ့များ သူမဟာ ဆရာဝန်မကြီး လုပ်ဦးမယ်ဆိုပဲ၊ ဒါဆိုရင်. . . ‌ပေတိ‌ပေစုတ် ဆရာဝန်မကြီးဟာ ‌ဆေးရုံတစ်ခုလုံးပွက်‌လောရိုက်‌အောင် လိုက်‌ဟောက်‌နေလိမ့်မယ်လို့ ကိုယ်က မြင်‌ယောင် ကြည့်မိ‌သေးတယ်။

ကိုယ်ကလည်း အဲဒီတုန်းက ဘာရယ်မဟုတ်ပါဘူး. . . . ၊(တကယ်ကို ဘာရယ်မှ မဟုတ်ခဲ့ပါဘူး) မုန့်တစ်ခုခုကို လက်တစ်ဖက်မှာ အမြဲကိုင်လို့ . . . . လွတ်လပ်‌ရေး‌နေ့ အားကစားပြိုင်ပွဲတိုင်းကို ဟို‌ငေးဒီ‌ငေး လုပ်‌နေတတ်တဲ့ ချာတိတ်တစ်‌ယောက်‌ပေါ့။ သူမဟာ အဲဒီအချိန်‌တွေမှာ ‌လေထဲမှာဝဲ‌နေ‌အောင် ကခုန်‌နေတတ်တဲ့ 'စာမကလေး' ‌ပေါ့။ သူမ တစ်ခါခုန်လိုက်တိုင်း..... သူမအသင်းရဲ့ အမှတ်‌တွေဟာ တိုးလာတတ်စမြဲပဲ။ အဲဒီအခါတိုင်း သူမရဲ့ သွားတက်ဖြူဖြူက‌လေး‌တွေ‌ ပေါ်‌အောင် ပြုံး‌နေတတ်ရဲ့.....၊ တစ်ခါတစ်‌လေမှာ လွဲ‌ချော်သွားတတ်တဲ့ သူမရဲ့ ရိုက်ချက်‌တွေအတွက် အသံထွက်ပြီး ငိုယိုတတ်တဲ့ က‌လေးတစ်‌ယောက်လည်း ဖြစ်‌သေးရဲ့။

အဲဒီလို ‌ပေတိ‌ပေစုတ်နိုင်လှတဲ့ ‌ကောင်မ‌လေးဟာ...သူ့ကိုယ်သူ ကဗျာဆရာပါလို့ ‌ပြော‌နေတတ်တဲ့ ‌ကောင်‌လေး ကိုမှ ‌ရွေးပြီး သူငယ်ချင်း‌ တော်ချင်‌သေးတယ်တဲ့....။ ‌နောက်ပြီး.... သူမဟာ အဲဒီ‌ကောင်‌လေးစား‌နေတဲ့ မုန့်ကို ပုတ်ချပစ်လိုက်တဲ့ ပထမဦးဆုံး‌ ကောင်မ‌လေးလည်း ဖြစ်‌သေးရဲ့။ အဲဒါဟာ တမင်သက်သက် လုပ်တာမဟုတ်ပါဘူး၊ "လိမ်‌ပြောရင် စာ‌မေးပွဲကျဟာ" လို့လည်း . . .ကျိန်လိုက်‌သေးတယ်။ ထားပါ. . .ကိုယ်က‌တော့ သူမရဲ့ ကကွက်‌တွေထဲမှာ ဝင်မပါချင်တဲ့သူ‌ပေါ့။
တစ်ခါတစ်ရံမှာ သူမက ရယ်‌မောမိသည်လည်း ရှိလိမ့်မည်။
တစ်ခါတစ်ရံမှာ ကိုယ်က ရယ်‌မောမိသည်လည်း ရှိလိမ့်မည်။
ထို့‌နောက်
ထိုသူနှစ်ဦးတို့ ချစ်မိသွားသည်လည်း ရှိလိမ့်မည်။

(‌နောက်ပြီး . . .)
သူမဟာ
ဟီရိုရှီးမား နဲ့ နာဂါစကီ အတွက် မဟုတ်တဲ့
E = mc 2 ပဲ
ကိုယ်တစ်‌ယောက်တည်းပဲ အပိုင်ရခဲ့တယ်။
ဟိုး အရင်က‌တော့....ကဗျာကလွဲလို့ ဘာမှ စိတ်မဝင်စားတတ်တဲ့ ‌ကောင်‌လေးကို ဘယ်သူမှ သတိမထားမိခဲ့ကြ ပါဘူး၊ ‌ကောင်မ‌လေးရဲ့‌ဘေးကို ‌ရောက်သွားပြီး ‌နောက်ပိုင်းမှာ‌တော့ ကိုယ်ဟာ... မြို့က‌လေးရဲ့အသက်ရှုသံကို ပိုပြီး ပြင်းထန်သွား‌စေခဲ့‌ပေါ့။ ‌ပေတိ‌ပေစုတ်‌ကောင်မ‌လေးနဲ့ ပတ်သက်ပြီး တစ်ခါမှမ‌ရောက်ဖူးတဲ့ ‌ကျောင်းအုပ်ကြီး ရုံးခန်းကိုလည်း အ‌ခေါက်‌ခေါက်အခါခါ ‌ရောက်ဖူးလာခဲ့ပြီ။ သူမဟာ ရန်သူ‌တွေများလွန်းတဲ့ ကိုယ့်ရဲ့အနီးကပ်ဆုံး ရန်သူစစ်စစ်‌လေးပဲ....။

ကိုယ်ဟာ အတ္တ‌လေး‌တော့ နည်းနည်းကြီးတတ်လာရဲ့၊ အနည်းဆုံး‌တော့ သင်္ကြန်ရက်‌တွေမှာ သူမကို အရင်ဦး ဆုံး ‌ရေ‌လောင်းချင်တဲ့သူ‌ပေါ့။ ဒီဇင်ဘာ မနက်‌တွေထဲမှာ အမြဲပြုံး‌ပျော် ‌နေ‌စေချင်သူ‌ပေါ့။ အဲဒီ‌နောက်ပိုင်းမှာ‌တော့ ‌ကောင်‌လေးကလည်း ‌ဆေးလိပ်‌တွေ‌လျော့‌သောက်တယ်၊ ‌ကောင်မ‌လေးကလည်း ‌ကောင်‌လေး‌တွေနဲ့ ‌လျော့တွဲ တယ်။ ဒီ‌တော့ ကြမ္မာဆိုး‌တွေ ‌ချောင်းဆိုးပြီး . . . အနာဂတ်‌တွေ နာမည်ပျက်ကုန်တယ်။
နှင်းသည်းသည်း‌တွေကြားထဲ
တစ်‌ယောက်တည်း ကျန်ရဲတဲ့သူ
"နင်ဟာ အသဲမရှိတဲ့ အလကား‌ကောင်ပဲ"
အဲလို ‌ဆေးခါးကြီး‌တွေလည်း ‌သောက်ဖူးတယ်။
စိတ်ကူးနဲ့ လွဲခဲ့တာ‌တွေ
သူမ ‌နေ‌ကောင်းသွားမှာပါ
ဒီဇင်ဘာ‌တွေက‌တော့ အရိုးထဲစိမ့်‌အောင် ‌အေး ခဲ ‌နေ ဆဲ ပဲ။
‌တော်ပြီ . . . ‌တော်ပြီ . . . ၊ ဒီနှစ်လည်း လွတ်လပ်‌ရေး‌တွေ ဘယ်နှစ်ကြိမ်‌မြောက် ရ‌နေဦးမလဲမသိဘူး။ ဒီဇင်ဘာ‌တွေဟာ ‌အေးခဲ‌နေခဲ့တာ. . . ‌ကောင်မ‌လေးတစ်‌ယောက် ငိုယိုထွက်သွားတဲ့ ‌နေ့ကတည်းက‌ပေါ့ . . . .။ မြို့က‌လေးကိုလည်း အရမ်းမုန်းတယ်လို့ စာ‌ရေး‌သေးရဲ့. . .၊ ဒါဆိုရင် ငါတို့မြို့‌လေးဆီကို ဒီဇင်ဘာ‌ရောက်တိုင်း နှင်းခါး‌တွေ ပစ်လွတ်တတ်တဲ့ တရားခံဟာ ခုထိ ထွက်‌ပြေးလွတ်‌မြောက်ဆဲ‌ပေါ့ကွယ်။

နှင်းမှုန်‌တွေကြားက‌နေ ထွက်‌ပြေးသွားတဲ့ ‌ကောင်မ‌လေး‌ရေ . . .
ဒီဇင်ဘာ‌တွေဟာ နင်‌မေ့ပစ်လိုက်တဲ့မြို့က‌လေးမှာ ခုထိ ‌အေး - ခဲ - ‌နေ - တုန်း - ပဲ - ဟ
နင်တစ်ခါက ကျိန်ဖူးသလို "လိမ်‌ပြောရင် စာ‌မေးပွဲကျ" ပါဟာ . . . .
Cat in snows

နတ်ဆိုးတွေများလား

အဟား ..... ဒီပုံထဲက Equation လေးကို သဘောကျလို့ ပါ။ ဟဲ ဟဲ..:D/.. ဟုတ်တယ် မဟုတ်လား ဟင်!

Girl & Evil